မူဆယ် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ တင်းနစ်အားကစားကွင်းတွင် ယနေ့ နံနက် ၉း၃၀ နာရီအချိန်က ခရိုင်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်အားကစားနှင့်ကာယကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက အဖွင့် အမှာ စကားပြောကြားခဲ့ပြီး တင်းနစ်ယှဉ်ပြိုင်မည့် အားကစားအသင်း(၈)သင်းက အားကစားသစ္စာ အဓိဌာန် (၄) ချက်အား ရွတ်ဆိုခဲ့သည်။ ဆက်လက်ပြီး ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌမှ တင်းနစ်အားကစားပြိုင်ပွဲဝင် အသင်းသားများအား တင်းနစ်ဘောလုံးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌနှင့်တကွ တက်ရောက်လာသော ဧည်သည့်တော်များ အကြီးအကဲများက မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ မန့်ဟီရိုး၊ ပန်ဆိုင်း(ကြူကုတ်) ပြိုင်ပွဲဝင် အသင်းများကို လိုက်လံနှုတ်ဆက်ခဲ့သည်။ ဆက်လက် ပြီး တင်းနစ်ပြိုင်ပွဲတွင် ကချာအဖွဲ့၊ Zumba အဖွဲ့နှင့် ခြင်းအားကစားအဖွဲ့တို့က အကများနှင့် ခြင်းရိုးရာ အားကစားများဖြင့် သရုပ်ဖော်ဖျော်ဖြေ တင်ဆက်ခဲ့ပြီး ယင်းအဖွဲ့များကို ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဉီးအောင်ဇော်မိုး၊ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်လင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီးဉီးလှိုင်ကျော်မြင့်တို့က ဂုဏ်ပြုငွေ ဆုချီးမြှင့်ခဲ့သည်။ ယင်းနောက်တင်းနစ်ပြိုင်ပွဲများက ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဌနှင့်တကွ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)