သုံးခွမြို့နယ် မြို့မဈေးကြီးအတွင်း တရားမ၀င်ပုဇွန်နှစ်ကောင်ဆီရောင်းချမှု ရှိ/မရှိ စစ်ဆေး

သုံးခွ အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ သုံးခွမြို့မဈေးကြီးအတွင်း တရားမ၀င် ပုဇွန်နှစ်ကောင်ဆီရောင်း၀ယ်ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့ မဈေးကြီးအတွင်း သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး သုံးခွမြို့နယ် မြိုမဈေးကြီးအတွင်း ရောင်းချနေသောဈေးဆိုင်များတွင် ပုဇွန်နှစ်ကောင်ဆီ ရောင်း၀ယ်ဖြန့်ဖြူးမှုမရှိစေရေး၊ ရောင်း၀ယ်ဖြန့်ဖြူးမှုတွေ့ရှိပါက သိမ်းဆည်းမှာဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်က အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်