ခရမ်းမြို့နယ်ကြက်ခြေနီအသင်းမှ ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းများအား ကျေးရွာများသို့ ကွင်းဆင်းဖွင့်လှစ်

ခရမ်း အောက်တိုဘာ ၂၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ကြက်ခြေနီ အသင်းမှကြီးမှူး၍ ကျေးလက်နေပြည်သူများအား သဘာဝဘေးအန္တရာယ်နှင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိပါက ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် တွေ့ကြုံရပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းများကို ခရမ်းမြို့နယ် ဒေါပုံစုကျေးရွာ အမကကျောင်းတွင် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းမှ သိရသည်။

အဆိုပါ သင်တန်းကို ခရမ်းမြို့နယ် ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ကျေးရွာများသို့ ကွင်းဆင်းကာ စာတွေ့၊ လက်တွေ့ သင်ကြားပြသ‌ပေးခဲ့ကြောင်း သိရသည်။ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂ ရက် ကြာမြင့်ခဲ့ကြောင်း၊ သင်တန်းထူးချွန်သူများကို ဆုများပေးအပ်ချီးမြှင်ခဲ့‌ပြီး သင်တန်တက်ရောက်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သတင်းရသည်။

ကိုမင်း ( ခရမ်း )