နွားထိုးကြီးမြို့ မီးသတ်ဦးစီးမှူးရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲကျင်းပ

နွားထိုးကြီး အောက်တိုဘာ ၂၈

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် မီးသတိမူရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းများ ဆောင်ရွက်ရန်၊ မီးဘေးကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကူညီစောင့်ရှောက်ရန်၊ ပြည်သူအကျိုးပြု လုပ်ငန်းများ ပူပေါင်းဆောင်ရွက်ရန်၊ မီးသတ်ဦးစီးဌာနမှဖြစ်စေ မီးဘေးလုံခြုံရေးအဖွဲ့မှ ဖြစ်စေအခါအားလျှော်စွာ ပေးအပ်သော တာဝန်များကို ကျေပွန်စွာဆောင်ရွက်သွားရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက သန္ဓေတပ်ဖွဲ့ဝင်များနှင့်ပူပေါင်ရွက်စေလိုကြောင်းတို့ကို သင်တန်းဆင်း မိန့်ခွန်း ပြောကြားခဲ့သည်။ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးမှ အရန်မီးသတ်ဒုတပ်ရင်းမှူး ဦးတင်ထွန်းအားသင်တန်းဆင်းအောင် လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်