ညောင်ဦးမြို့၌ လူမှုအားမာန် (Inclusive Self-Help Groups-ISHGs) ဖွဲ့စည်းနိုင်ရေး အသိပညာပေးအခမ်းအနားကျင်းပ

ညောင်ဦး  အောက်တိုဘာ  ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ လူမှု့အားမာန် (Inclusive Self-Help Groups-ISHGs) ဖွဲ့စည်းနိုင်ရေး အသိပညာပေးပွဲအခမ်းအနားကို ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ယနေ့နံနက် ၉ နာရီ ခွဲက ကျင်းခဲ့သည်။

လူမှု့အားမာန် (Inclusive Self-Help Gr0ups-ISHGs) ဖွဲ့စည်းနိုင်ရေး အသိပညာပေး အခမ်းအနားတွင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်မှ အဖွင့်အမှာစကား ပြောကြားပြီး ညောင်ဦးခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မိုးမိုးစန်းက လူမှုအားမာန် (Inclusive Self-Help Groups-ISHGs) ဖွဲ့စည်းနိုင်ရေးအတွက် အဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အို များစောင့်ရှောက်ရေးအဖွဲ့ (HAI) သည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ကျေးရွာ/ ရပ်ကွက်အဆင့် အားလုံးပါဝင်သော ကိုယ့်အားကိုယ်ကိုး အဖွဲ့များဖြစ်သည့် လူမှုအားမာန် (Inclusive Self-Help Groups-ISHGs) ဖွဲ့စည်းခြင်းကို ထောက်ပံ့ပေးနေသော အဖွဲ့အစည်းဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး မဏ္ဍိုင်ကြီး (၈) ရပ်အရ လူမှုအားမာန် အဖွဲ့များဖွဲ့စည်းခြင်းသည်လည်း ဆောင်ရွက်ရမည့် အချက်တစ်ချက် ပါဝင်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ညောင်ဦးမြို့နယ် စီမံအုပ်လချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာ စာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ခဲကြောင်းသိရသည်။

ကိုကြေးမုံ