နမ့်စန်တွင် ၁၄ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု မဲနှိုက်ရွေးချယ်
Nov 04,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန နှင့် မြို့နယ် OLD STAR အဖွဲ့တို့ကြီးမှူးကျင်းပသော Smile Place ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲအုပ်စုခွဲ မဲနှိုက်ရွေးချယ်ပွဲကို ယနေ့နေ့လည် ၁ နာရီ ခွဲက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ မြို့နယ်နည်းစနစ်မှူး ဦးအေးချမ်းနိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီဝင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။