သတင်းများ

အုတ်တွင်းမြို့ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသ
Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ မြို့မဈေးကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့များ ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြို့မဈေးကြီးရှေ့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသမှုကို ယနေ့နံနက်ပိုင်း က ဈေးသူဈေးသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြသည်။
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲဆုချီးမြှင့်
Nov 11,2022
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲကို ဘားအံမြို့၊ သီရိကွင်း၌ ခမ်းနားထည်ဝါစွာကျင်းပလျက်ရှိရာ ယခင်နှစ်များထက် ပြိုင်ပွဲဝင်ဒုံးအဖွဲ့ပိုများပြီး ပြိုင်ဆိုင်မှုကောင်းမွန်ကာ ယမန်နေ့ညပိုင်းက သီရိကွင်းဒုံးစင်မြင့်ထက်၌ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသည်။
လက်ပံတန်းမြို၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဂုဏ်ပြုအကြိုကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ရသေ့တောင်မြို့၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမြို့မစျေးတွင် အသိပေးနှိုးဆော်
Nov 11,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ ဒေါ်မအေးသန်း၊ မြို့မစျေးကော်မတီဥက္ကဋ္ဌ ဦးလှကျော်သာတို့နှင့် ပူးပေါင်းပြီး မြို့နယ် မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် တပ်ဖွဲ့ဝင်များက ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်ရှိ 
သနပ်ပင်မြို့နယ်တွင် “‌ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် စာဖတ်သည့် အလေ့အထကောင်းများရရှိရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိ‌ရန် စာပေဖတ်ရှုခြင်းမှ ရရှိသောအကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်း က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
ဘီးလင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်
Nov 11,2022
ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်း က အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ရုံးဝန်ထမ်းများက သွားရောက် ဆောင်ရွက်ခဲ့ကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲကျင်းပ
Nov 11,2022
ကလေးငယ်များ၏ စာဖတ်စွမ်းရည်များမြင့်မားတိုးတက်လာစေရေး၊ အသိပညာဗဟုသုတများ ဖွံဖြိုးတိုးတက်စေလိုသောရည်ရွယ်ချက်ဖြင့် မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည်။
သထုံခရိုင် ပြည်သူ့စာကြည့်တိုက်၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Nov 11,2022
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်း က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်သည်။