ဘီးလင်း နိုဝင်ဘာ ၁၁
ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်း က အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ရုံးဝန်ထမ်းများက သွားရောက် ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စိတ်ဝင်စားဖွယ် ကလေးစာပေစာအုပ်များကို လေ့လာဖတ်ရှူ့စေပြီး ကွမ်းစားသုံးမှု အန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်၀င်တစား လေ့လာကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊သူများအား မိမိစိတ်ကြိုက် ရွေးချယ်ဖတ်ရှုထားသည့် စာအုပ်များဖြင့် ပုံပြင်ပြောပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဇာနည် (ပြန်/ဆက်)