သတင်းများ

ဟုမ္မလင်း၌ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကော်မတီအစည်းအဝေးနှင့် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် (Contract Farming) ရှင်းလင်းဆွေးနွေး
Nov 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော မြို့နယ်စိုက်ပျိုးရေး မွေးမြူရေးကော်မတီအစည်းအဝေးနှင့် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် (Contract Farming) နှင့် ပတ်သတ်၍ ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်/စာစောင်ပြပွဲ ပြုလုပ်
Nov 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်/စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀) နာရီ ချိန်က ပြုလုပ်ခဲ့သည်။
မင်းလှမြို့တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၈)ပန်းဘဲချောင်ရပ်ကွက်၊ စက်ကြီးတန်းလမ်း၌ ဒေသခံပြည်သူများအား ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲချိန်က ပြုလုပ် ခဲ့သည်။
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်
Nov 11,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် စာ‌ပေဖတ်ရှုမှုပိုမိုမြင့်မားလာ‌စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများစာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် Mask Campaign ပြုလုပ် ဆောင်ရွက်
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ခရေပင်လမ်းဆုံ၌ ယနေ့ နံနက် (၇) နာရီအချိန်က မြို့နယ် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီး၍ Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စဉ့်ကူးမြို့တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး
Nov 11,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။
အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်းများရှိ  နေရပ်ပြန်မည့် တိုက်ပွဲရှောင် ပြည်သူများအား ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်
Nov 11,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ တိုက်ပွဲရှောင် စခန်း/ စုရပ်များမှ နောက်ဆုံးဆဌမအကြိမ်မြောက် မှုလနေရပ်သို့ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၂၉)စု၊ လူဦးရေ (၁၀၃၂) ဦးအား ယမန်နေ့က ထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ယနေ့နံနက်(၉)အချိန်တွင် မိုးလုံလေလုံ အားကစားခန်းမစုရပ်မှ ၎င်းတို့ နေရပ်သို့ ပြန်လည်ပို့ဆောင်​ပေးခဲ့ရာ အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများ ပိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။