သတင်းများ

အင်းစိန်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ကဗျာရွတ်၊ ပုံပြော၊ ဆေးရောင်ခြယ်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ကျင်းပ
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ကဗျာရွတ်၊ ပုံပြော၊ ဆေးရောင်ခြယ်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းစိန်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ ရတနာဈေး၌ Mask Campaign ပြုလုပ်ဆောင်ရွက်
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ ရတနာဈေး၌ ယနေ့ နံနက် (၉)နာရီခွဲအချိန်က ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နေကြသည့် ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါမှ ​ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သံတွဲမြို့နယ် ယာဉ်မတော်တဆမှု လျော့နည်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသရုပ်ပြပွဲဆောင်ရွက်
Nov 11,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်း  ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး အသိပညာပေး သရုပ်ပြခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရတနာလမ်းနှင့် ဦးဥတ္တမလမ်းထောင့်၌ ပြုလုပ်ခဲ့ သည်။
ပေါင်းတည်မြို့နယ်တွင် ပြည်သူများအခွင့်အရေးမဆုံးရှုံးစေရေးနှင့် မြေပြင်လူဦးရေစာရင်း မှန်ကန်စွာရရှိရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူများအခွင့်အရေးများ မဆုံးရှုံးစေရန် မြေပြင်လူဦးရေစာရင်း တိကျမှန်ကန်စွာရရှိရေးအတွက် ယနေ့နံနက်ပိုင်း က မင်းကွက် (၃ )ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ် အထက (၁)၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲကျင်းပ
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် ယနေ့ နံနက် (၁၁)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ် ကြက်ခြေနီအသင်းမှ ကြီးမှူးဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် (၄/၂၀၂၂) ဆင်းပွဲ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Nov 11,2022
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ချောင်းဆုံမြို့နယ် ချောင်းဆုံအရှေ့ရပ်ကွက် ကျွန်းသာယာခမ်းမ၌ တီဘီရောဂါလူနာရှာ ဖွေကုသရေးအခမဲ့ ကွင်းဆင်းဆောင်ရွက်
Nov 11,2022
မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ချောင်းဆုံမြို့ကျွန်းသာယာခန်းမတွင် တီဘီရောဂါလူနာရှာဖွေရေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်က ကွင်းဆင်းကုသခဲ့သည်။
ကဝမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ က အ.ထ.က(ခွဲ)(ကျားတက်)ကျောင်း၌ ကျင်းပခဲ့သည်။