စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲကျင်းပ

မန္တလေး နို၀င်ဘာ ၁၁

ကလေးငယ်များ၏ စာဖတ်စွမ်းရည်များမြင့်မားတိုးတက်လာစေရေး၊ အသိပညာဗဟုသုတများ ဖွံဖြိုးတိုးတက်စေလိုသောရည်ရွယ်ချက်ဖြင့် မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် စာရေးဆရာဦးဆန်းဦး (မင်းလပြည့်-ဟားခါး)က စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာပေရေးသားရာတွင်သိသင့်သည့်အချက်များ၊ ရေးသားလိုသည့်စာပေအချက် အလက် ရှာဖွေစုဆောင်းနည်းများကိုအကျယ်တ၀င့်ဆွေးနွေးပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြပါသည်။

အဆိုပါအခမ်းအနားသို့ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်နှင့် တာဝန်ရှိသူများ၊ စာဖတ်ပရိသတ်များ၊ အ-ထ-က(၁၀)မှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြေကြာင်း သိရသည်။

မြင့်မော်ထွန်း