တံတား နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပန်းချောင်းကျေးရွာအတွင်းရှိ အ.မ.က (မူလွန်)ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ နှင့်အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က အနာဂတ်အတွက်ခေါင်းဆောင်ကောင်းများဖြစ်လာမည့် လူငယ်များ၏ ဘဝတစ်လျောက်လုံးအဆင်ပြေချောမွေ့စေရန် သင်ယူလေ့လာထားရမည့် ပညာရပ်များဆောင်ရန်ရှောင်ရန်များအကြောင်းနှင့် ဘဝပျော်ရွှင်ဖို့စာဖတ်စို့ဟူ၍ တိုက်တွန်းပြောကြားပြီးနောက် ကျောင်းသားကျောင်းသူများ ကျန်းမာရေးအသိပညာများရရှိစေရန်နှင့် စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (တံတား)