သတင်းများ

ငပု​တောမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို)ပန်းချီ ပြိုင်ပွဲကျင်ပ ပြုလုပ်
Nov 16,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။
ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်း
Nov 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ Community Centreခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ စသည်ဖြင့် ပြိုင်ပွဲများပြုလုပ်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့ကြသည်။
အမာမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်
Nov 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေးအတွက် လူကုန်ကူးမှုအန္တရာယ်နှင့် နောက်ဆက်တွဲဆိုးကျိုးများ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Nov 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် လူကုန်ကူးမှုအန္တရာယ်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်တောမြို့နယ်တွင်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Nov 16,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်၉ နာရီအချိန်က အ-ထ-က- ပေါက်တောကျောင်း၌ ကျင်းပခဲ့သည်။
ဗဟန်းမြို့နယ်အတွင်း အနှေးယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြောကြားခြင်း၊ ရောင်ပြန်စတေကာများ အခမဲ့တပ်ဆင်ပေးခြင်း ဆောင်ရွက်
Nov 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော စက်ဘီး၊ လူစီးဆိုက်ကား၊ အနှေးယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြောကြားခြင်း၊ ရောင်ပြန်စတေကာများ အခမဲ့တပ်ဆင်ပေးခြင်းကို ဦးချစ်မောင်လမ်းတလျှောက်၊ ရတနာလမ်း၊ ဗိုလ်စိန်မှန်လမ်း၊ အနောက်မြင်းပြိုင်ကွင်းတို့တွင် ယမန်နေ့နံနက် (၉:၃၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်စေရန် mobile စနစ်ဖြင့် အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Nov 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၁)နာရီက အ.ထ.က(၄)စမ်းချောင်းသို့ သွားရောက်၍ စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်၌ Mobile Library စနစ်ဖြင့် စာပေမြတ်နိုးသူများထံ သုတ/ရသ စာအုပ် ၊စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Nov 16,2022
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ချီ ဖွေမြို့နယ်၌ စာဖတ်မှုအလေ့အကျင့်တိုးပွားစေရန် ဌာနဆိုင်ရာများနှင့် ဒေသတွင်းနေထိုင်သည့် စာဖတ်ဝါသနာရှင် ကြီးငယ်မဟူ မိမိကိုယ်တိုင် လွတ်လပ်စွာ လေ့လာဖတ်ရှု့နိုင်စေရန် ရည်ရွယ်၍ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများထံ စာအုပ်၊ စာစောင်များအား Mobile Library စနစ်ဖြင့် ကွင်းဆင်းငှားရမ်းပေးခဲ့ကြသည်။