အမာ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စာအုပ်ပြပွဲတွင် သုတ၊ ရသစာအုပ်များ ကို ပြသထားခြင်း၊ နံရံကပ်စာစောင်ပြပွဲတွင် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ အမျိုးသား အောင်ပွဲနေ့နှင့် ပတ်သက်သည့် မှတ်တမ်းဓါတ်ပုံများ၊ ကဗျာများကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာကြပြီးနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူကလေးများက ပျော်ရွှင်စွာဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူ ကလေးများအား တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
အမာ(ပြန်/ဆက်)