ပေါက်တောမြို့နယ်တွင်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ပေါက်တော နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်၉ နာရီအချိန်က အ-ထ-က- ပေါက်တောကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲတွင် ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူများက ဝင်ရောက် ယှဥ်ပြိုင်ကြရာ အထက်တန်းအဆင့်တွင် “အမျိုးသားအောင်ပွဲနေ့ လူငယ်များ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် “အမျိုးသားအောင်ပွဲနေ့ တို့မမေ့ခေါင်းစဥ်ဖြင့် လည်းကောင်း ကျောင်း သားကျောင်းသူ စုစုပေါင်း (၃၄)ဦးတို့က ဝင်ရောက် ယှဥ်ပြိုင်ကြပြီး  ဆုရရှိသောကျောင်းသား/သူများအား  နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရာတွင် ဆုများအသီးသီးချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)