ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်း

ရွှေသောင်ယံ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ Community Centreခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ စသည်ဖြင့် ပြိုင်ပွဲများပြုလုပ်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့ကြသည်။

သို့ရာတွင် ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အ-မ-က(၁၁၂)မှ ကျောင်းသား၊ ကျောင်းသူလေးများ လာရောက်ယှဉ်ပြိုင်ကြရာ ပြန်/ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြိုင်ပွဲဝင်ကလေးများအား ဆုလက်ဆောင်များ ပေးအပ်ပြီး၊ မုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)