ချီဖွေမြို့နယ်၌ Mobile Library စနစ်ဖြင့် စာပေမြတ်နိုးသူများထံ သုတ/ရသ စာအုပ် ၊စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ချီဖွေ နိုဝင်ဘာလ ၁၆

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ချီ ဖွေမြို့နယ်၌ စာဖတ်မှုအလေ့အကျင့်တိုးပွားစေရန် ဌာနဆိုင်ရာများနှင့် ဒေသတွင်းနေထိုင်သည့် စာဖတ်ဝါသနာရှင် ကြီးငယ်မဟူ မိမိကိုယ်တိုင် လွတ်လပ်စွာ လေ့လာဖတ်ရှု့နိုင်စေရန် ရည်ရွယ်၍ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများထံ စာအုပ်၊ စာစောင်များအား Mobile Library စနစ်ဖြင့် ကွင်းဆင်းငှားရမ်းပေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းငှားရမ်းခြင်းတွင် စာပေမြတ်နိုးသော်လည်း ပြည်သူ့စာကြည့်တိုက်သို့ လာရောက် မဖတ်ရှု့နိုင်သည့် စာပေဝါသနာရှင်များအတွက် စာဖတ်သူတို့သိရှိလိုသော အကြောင်းအရာ အချက်များကို လွယ်ကူချောမွေ့စွာ ဖတ်ရှု့နိုင်စေရန် သုတစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြ/ စာစောင်များနှင့် အပျော်ဖတ် ဝတ္ထုစာအုပ်များကို ငှားရမ်းဖတ်ရှု့ခြင်းမှ စာဖတ်သူများအတွက် "စာအုပ်စာပေ လူမိတ်ဆွေ" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လေ့လာဖတ်ရှု့ခြင်းဖြင့် စာပေဗဟုသုတ ရရှိစေခြင်း၊ စိတ်ပျော်ရွှင်ခြင်း၊ စာဖတ်ခြင်းမှ အကောင်းအဆိုး အကြောင်းအကျိုးများ ဝေဖန်တတ်ခြင်းနှင့် စာဖတ်သူတို့အတွက် မိတ်ဆွေတိုးပွားစေရန် အလှည့်ကျ သွားရောက်၍ ငှားရမ်း ပေးလျက်ရှိကြောင်း သိရှိရသည်။

မေခမွန်(ပြန်/ဆက်)