ဗဟန်း နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော စက်ဘီး၊ လူစီးဆိုက်ကား၊ အနှေးယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြောကြားခြင်း၊ ရောင်ပြန်စတေကာများ အခမဲ့တပ်ဆင်ပေးခြင်းကို ဦးချစ်မောင်လမ်းတလျှောက်၊ ရတနာလမ်း၊ ဗိုလ်စိန်မှန်လမ်း၊ အနောက်မြင်းပြိုင်ကွင်းတို့တွင် ယမန်နေ့နံနက် (၉:၃၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့ ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်မောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးစာစောင်ပေးဝေခြင်း၊ အနှေးယာဉ်များ (လူစီးဆိုက္ကား)စက်ဘီးများကို ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ရောင်ပြန်များ တပ်ဆင်ပေးခြင်း၊ လိုက်နာရမည့်နည်းလမ်းများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ပြည်သူများသိရှိရန် အသိပညာပေးဆောင်ရွက်ခဲ့သည်။
လုပ်ငန်းဆောင်ရွက်ရာသို့ ကမာရွတ်ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးမှ အနီးကပ်ကြီးကြပ်ခဲ့ကြောင်း သိရသည်။
စန္ဒာဌေး