သရက် ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဘာဝနာဘုန်းတော်ကြီးကျောင်းရှိကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ဘာဝနာဘုန်းတော်ကြီး စာသင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ဟောပြောပွဲတွင် သရက်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က အာဇာနည်နေ့ဖြစ်ပေါ်လာခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုများနှင့် အာဇာနည်နေ့တွင်ထူးခြားဖြစ်စဉ်များအား အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများအား ကြည်ရှ့အားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)