မော်လိုက်မြို့ အ.မ.က မိုး‌ကောင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာ‌ပေးဟောပြောပွဲကျင်းပ

မော်လိုက် ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်ရွယ်၍ ပြန်/ဆက်‌‌ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာ‌ပေးဟောပြောပွဲကို ဇူလိုင်လ (၁‌‌၇) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က အ.မ.က မိုးကောင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် အ.မ.ကမိုးကောင်း ကျောင်းဆရာ ဦးမင်း‌ရွှေအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်က ဗလငါးတန်ဖွံ့ဖြိုးဖို့ စာများများဖတ်ကြစို့ ခေါင်းစဥ်ဖြင့် သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပြန်/ဆက်ဦးစီးဌာနမှ “မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ”နှင့် စာဖတ်ရှိန်မြှင့်တင်‌ရေးခေါင်းစဉ်များဖြင့် ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)