ဝမ်းတွင်းမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ်ချုပ်ပုံတူပန်းချီပြိုင်ပွဲ ပြုလုပ်

ဝမ်းတွင်း ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ်ချုပ်ပုံတူ ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ဦးစွာ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ်ချုပ်ပုံတူ ပန်းချီပြိုင်ပွဲများကို ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆရာကြီး ဦးသန်းဆောင်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ်ချုပ်ပုံတူပန်းချီပြိုင်ပွဲကို ကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းနိုင်နှင့် ဦးစီးအရာရှိ ဒေါ်သန္တာလင်းတို့ကလည်းကောင်း၊ ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများအား ဆရာကြီး ဦးသန်းဆောင်နှင့် ဆရာမများက  အမှတ်တရဒိုင်းဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ်ချုပ်ပုံတူ ပန်းချီပြိုင်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးမင်းနိုင်၊ အ.ထ.က (သဲတော) ကျောင်းမှ ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)