သတင်းများ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Mar 05,2023
မကွေးတိုင်းဒေသကြီး ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၁၃၈၄-ခုနှစ် အတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ အတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြသည်။
တပေါင်းပွဲတော် အသံမစဲ မဟာပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ၊ လာမည့်မိုးရာသီတွင် မိုးသီးနှံများအတွက် ချေးငွေထုတ်ချေးပေးရန် လိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကြိုတင်လျာထားဆောင်ရွက်ပေးသွားမည်
Mar 05,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ဘားအံမြို့၊ သေဋ္ဌမာရ်အောင်ဘုရားကြီး ဂန္ဓကုဋီ တိုက် ပရဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ နိုင်ငံတော် ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ၊ နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင် ဓမ္မဝါသီကျောင်းဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တဥတ္တရ အမှူးပြုသော သေဋ္ဌမာရ်အောင်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပဋ္ဌနဘဏက သံဃာတော် ၁၆ ပါး ကြွရောက်ချီးမြှင့်တော်မူကြသည်။
ကျိုက်ထိုမြို့နယ်တွင် တပေါင်းလပြည့်နေ့၌ ဘုရားစေတီများတွင် ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကား
Mar 05,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တပေါင်းလပြည့်နေ့၌  မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် အခါကြီးရက်ကြီးတွင် ပြည်သူများမှာ ဘုရားစေတီများ၌ ကုသိုလ်ကောင်းမှုများ ပြုလျက်ရှိကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် သထုံမြို့နယ်၌ ကျင်းပသည့် (၇၄) နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနား တက်ရောက်
Mar 05,2023
မွန်ပြည်နယ်အဆင့် (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်က သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား ဗိမာန်တော်၌ ပြည်နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ ကျင်းပပြုလုပ်ရာ  မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ တိုင်းရင်းသူ/သားများ၊ ဧည့်ပရိတ်သတ်များ တက်​ရောက်သည်။
ကလိန်အောင်မြို့တွင် ရှင်ကိုးရှင်သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ငွေဆွမ်းလောင်းလှူပွဲကျင်းပ
Mar 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရှိ အထင်ကရဖြစ်သည့် ရှင်ကိုးရှင်ဘုရားတွင် တစ်ရှင်ဖြစ်သည့် ကလိန်အောင်မြို့သမိုင်းဝင် ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲ‌တော်နှင့် ငွေဆွမ်းလောင်းလှူပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါဘုရားရင်ပြင်တောင်ပေါ်၌ ကျင်းပသည်။
ရွှေတောင်မြို့၊ သမိုင်းဝင်ရွှေနတ်တောင်စေတီတော်မြတ်ကြီး နှစ်ထပ်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ
Mar 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာအုပ်စု ၊မယားမာန်ကျေးရွာတွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီး နှစ်ထပ်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့နယ်လုံးကျွတ် (ဒုတိယအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ
Mar 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင်ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ဟိုမွန်ရပ်ကွက်၊ မြို့အဝင်မီးပွိုင့်လမ်းဆုံမှ သိန်းသန်းချီ အဝေပြေးကားကွင်းသွားလမ်း၊ လမ်းမကြီး တစ်လျှောက်တွင် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သံဃာတော်၊ သီလရှင်အပါး (၁၃၀၀)အား  မူဆယ်မြို့နယ်လုံးကျွတ်(ဒုတိယအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။