ကျိုက်ထို မတ် ၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တပေါင်းလပြည့်နေ့၌ မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် အခါကြီးရက်ကြီးတွင် ပြည်သူများမှာ ဘုရားစေတီများ၌ ကုသိုလ်ကောင်းမှုများ ပြုလျက်ရှိကြသည်။
ထို့ပြင် တပေါင်းလပြည့် နေ့တွင် ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန် ကျိုက်ထိုမြို့နယ်ရှိ တန်ခိုးကြီး ဘုရားများဖြစ်သည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ တော်မြတ်ကြီး၊ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား၊ မဟာမြတ်မုနိရုပ်ပွားတော်၊ ထိုင်တော်မူဂေါတမဘုရားတို့တွင်လည်း ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ တရားဘာဝနာများ နာယူလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုး(ကျိုက်ထို)