သတင်းများ

မြန်အောင်မြို့နယ် တောင်ရိုးဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပ
Mar 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  မြန်အောင်မြို့နယ်၊ တောင်ရိုးဒေသစမ်းရွာကြီး ကျေးရွာအုပ်စုတွင် ယနေ့နံနက်က မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း ကြီး(၅)ကြောင်းနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှည်းကူးကူးမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Mar 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေး နိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပေးနှိုးဆော်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမင်းအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညပိုင်းက မီးသတ်ယာဉ်ဖြင့် လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ သွားရောက်ပြီးလှည့်လည် အသိပညာပေးနှိုးဆော်ကြသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖြေဆိုကျင်းပမည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ အ.ထ.က(၁)စာသင်ကျောင်းအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Mar 05,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်၌ ယနေ့နံနက်(၇:၀၀)နာရီ အချိန်တွင် ၂၀၂၃ ခုနစ် မတ်လ(၈)ရက်‌နေ့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့်  အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် စုပေါင်းသန့်ရှင်းရေးကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Mar 05,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းရှူးမြို့၌ မီးလောင်၊ မီးလန့်မှုမရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်ဆော်ဩခြင်း ဆောင်ရွက်
Mar 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား မီးလောင်၊ မီးလန့်မှုမရှိစေရေးနှင့် အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ ယမန်နေ့ည‌နေပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်ဆော်ဩခဲ့သည်။
ကြံခင်းမြို့နယ် ထန်းတပင်ကျောင်းတိုက်ရှိ ‟ဆံတော်ရှင် နေလသိဒ္ဓိရွာဦးစေတီတော်မြတ်”အား ရွှေထီးတော် အထွဋ်တော်တင် မင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကျင်းပ
Mar 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ကောဇာသက္ကရာဇ် (၁၃၈၄) ခုနှစ် ၊ တပေါင်းလပြည့်နေ့ နံနက် (၉) နာရီအချိန်က ထန်းတပင်ရွာဦးကျောင်းတိုက်တွင် တည်ထားကိုးကွယ်သော "ဆံတော်ရှင်နေလ သိဒ္ဓိရွာဦးစေတီတော်မြတ်"အား ရွှေထီးတော် အထွဋ်တော်တင် မင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကျင်းပ ပြုလုပ်သည်။
စမ်းချောင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ  ရပ်ကွက်များသို့ ယမန်နေ့ ည (၇) နာရီခွဲ အချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအတွက် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Mar 05,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းမှ အတိုးရငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။