သင်္ဃန်းကျွန်း မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်၌ ယနေ့နံနက်(၇:၀၀)နာရီ အချိန်တွင် ၂၀၂၃ ခုနစ် မတ်လ(၈)ရက်နေ့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် စုပေါင်းသန့်ရှင်းရေးကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးဦးဆောင်သော ထွေ/အုပ် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း ဦးဆောင်သော စည်ပင်ဝန်ထမ်းများ၊ ဒုရဲအုပ်ကျော်ဘိုဘိုဟိန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးမိုးသီဟဇော်ဦး ဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၂၀)ခန့်ဖြင့် ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ခြင်း၊ သစ်ပင်ကိုင်းဖျားများ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဘုန်း(သင်္ဃန်းကျွန်း)