မောင်တော မတ် ၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ခိုင်က လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာက လူငယ်နှင့်အားကစားဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ မေးမြန်းရာ မောင်တောမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းပြ၊ နည်းစနစ်မှူး ဦးအောင်ဝင်းနိုင်က နွေရာသီအားကစားသင်တန်းများကို ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ အားကစားနည်း ၈ မျိုးဖြင့် ဖွင့်လှစ်ပို့ချမည်ဖြစ်ရာ အားကစားနည်းများအနေဖြင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကရာတေးဒို၊ Fitness Dances၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ရိုးရာခြင်းတို့ဖြစ်သဖြင့် မိမိတို့ဝါသနာများအတိုင်း အားကစားနည်းကို ရွေးချယ်ကာ တက်ရောက်နိုင်မည်ဖြစ်ရာ သင်တန်းကာလမှာ မတ်လ ၆ ရက်နေ့မှ ၂၅ ရက်နေ့ထိ သင်ကြားပို့ချမည်ဖြစ်ပြီး မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနသို့ ဆက်သွယ်စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ခရိုင်/မြို့နယ်အတွင်း မူးယစ်ဆေးဝါးကင်းစင်၍ ကျန်းမာကြံ့ခိုင်သော လူသားအရင်းအမြတ်များ ပေါ်လာစေရန်၊ ထူးခွန်ထက်မြတ်သည့် အလားအလာရှိသော မျိုးဆက်သစ်အားသစားသမားများ ပေါ်ထွန်းလာစေရန်ဆိုတဲ့ မြင့်မားသောစသည့် ရည်ရွယ်ချက်များနှင့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ကြစေရန်၊ အားကစားနည်းများအား အခြေခံမှစ၍ စနစ်တကျသင်ကြားပို့ချမည်ဖြစ်ကြောင်း စသည့်တို့ကိုအကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)