မြင်းမူ မတ် ၁
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံကြက်သွန်နီ စိုက်ပျိုးရောင်းချသူတောင်သူ တောင်သူများအနေဖြင့်ယခုနှစ်တွင် ကြက်သွန်နီဈေးကောင်းမွန်သည့်အတွက် အဆင်ပြေလျက်ရှိသည့်အတွက် နွေကြက်သွန်အများအပြား ဆက်လက်စိုက်ပျိုးထားလျက်ရှိကြောင်းသိရှိရသည်။
ကြက်သွန်စိုက်ပျိုးရာတွင်(၁)ဧကလျှင် ငွေကျပ်(၁၀)သိန်းကျော်ကုန်ကျကြောင်း၊ စိုက်ပျိုး ပြီး(၄)လ အကြာတွင်တူးဖော်ရကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧကလျှင် ကြက်သွန်အချိန်(၅၀၀၀) အထိရရှိရှိနိုင်ကြောင်း၊ ကြက်သွန်နီစတင်ထွက်ရှိချိန်တွင် (၁)ပိသာလျှင်ငွေကျပ်(၆၀၀)ဝန်းကျင်ခန့် သာရှိခဲ့ပြီး ယခုနှစ်တွင်ဈေးကျသွားခြင်းမရှိဖြစ်ခဲ့ရာ လက်ရှိဈေးမှာ(၁)ပိသာလျှင်(၁၀၀၀)ကျပ်ထိ ဈေးရရှိကြောင်း၊ ထီးဆောင်းကျေးရွာမှ ကြက်သွန်နီစိုက်ပျိုးလုပ်ကိုင်သူ ဦီးဇော်လင်းဌေးထံမှသိရှိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ ထီးဆောင်းကျေးရွာ၊ ခြေယာတော်ကျေးရွာ၊ ကျော့မင်းကျေးရွာ အလ္လကပ္ပကျေးရွာနှင့် ပဲကူကျေးရွာတို့မှာနှစ်စဉ် ကြက်သွန်နီကိုအဓိကထားကာ စီးပွားဖြစ်စိုက်ပျိုးကြပြီး ဈေးကွက်တင်ပို့သည့်ကျေးရွာများဖြစ်ကြောင်းသိရသည်။