ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စံကွက်ရိတ်သိမ်းပွဲကျင်းပ

ညောင်တုန်း ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဆီထွက် သီးနှံ(နေကြာ) ဆင်းရွှေကြာ-၂ စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ ညနေပိုင်းက ဆားမလောက် ကျေးရွာ၊ တောင်သူ ဦးကျင်လှိုင်၏ ကွင်းအမှတ် (၃၈၂)၊ ဦးပိုင်အမှတ် (၁၅၄/၁)ရှိ စံကွက် စိုက်ခင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီ‌ထွေး၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။

ထင်ဝေဖြိုး(ပြန်/ဆက်)