ကျောင်းသား၊ ကျောင်းသူများအား အလှူရှင်များမှ ခေါက်ဆွဲခြောက်များ လှူဒါန်းပေး

တွံတေး ဖေဖော်ဝါရီ  ၂၇

ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံဖြိုးလာစေရန်အတွက် ခေါက်ဆွဲခြောက်များ ပေးအပ်လှူဒါန်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ လက်ပံဂွကျေးရွာအုပ်စုရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများကို အလှူရှင်များက. ယနေ့နံနက် ၁၀နာရီ မိနစ်၃၀ ကစတင်၍ ကျေးရွာများအရောက် လိုက်လံလှူဒါန်းကြကြောင်း သိရသည်။

လက်ပံဂွကျေးရွာအုပ်စုတွင် လက်ပံဂွ၊ သာစည်၊ စက်ကလေး၊ စက်ဆန်း၊ ကံလှ၊ ပုသိမ်ကျေးရွာ(၆) ရွာရှိပြီး ကျေးရွာနေပြည်သူအများစုမှာ စက်ရုံဆင်းဝန်ထမ်းများ၊ အရောင်းအဝယ်လုပ်သူများနှင့် လယ်လုပ်သူ၊ခြံစိုက်သူ နည်းပါးကြောင်း သိရသည်။ အလှူရှင်များက ကျေးရွာအုပ်စုအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲကာလ အာဟာရဖွံဖြိုးစေရန်အတွက် တစ်ဦးလျှင်ခေါက်ဆွဲခြောက် တစ်ပါကင်နှုန်းဖြင့် လက်ပံဂွကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူ(၁၅၉)ဦး၊ သာစည်ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူ(၁၉၉)ဦး၊ စက်ကလေးရှိကျောင်းသား၊ကျောင်းသူ (၉၉)ဦး၊ စက်ဆန်းကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူ (၁၄၅)ဦး၊ ကံလှကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူ(၉၁)ဦး၊ ပုသိမ်ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူ(၉၉)ဦး ကျောင်းသား၊ ကျောင်းသူ(၇၉၂)ဦးအတွက် ခေါက်ဆွဲခြောက် (၇၉၂)ပါကင်ကို ကျေးရွာအလိုက် စုရပ်များထားကာ အလှူရှင်များက ကျေးရွာအရောက် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တွံတေးသား (ပြန်/ ဆက်)