ချောင်းသာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား လေ့လာရမည့် ဘာသာရပ်များ အသီးသီးပေးအပ်

ချောင်းသာ ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာ့အလင်းသတင်းစာပါ ဘာသာရပ်အလိုက် လေ့လာရမည့် သင်ခန်းစာများ အား မြို့အဆင့်တာဝန်ရှိသူများက လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘာသာရပ်အလိုက် သင်ခန်းစာများကို ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ဦးစီး၍ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများပါဝင်သော ပူးပေါင်း အဖွဲ့များဖြင့် ယခုနှစ်အတွင်း ဖြေဆိုကြမည့် တက္ကသိုလ်ဝင် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ချောင်းသာမြို့တွင် အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းသာရှိကြောင်း သိရပြီး အဆိုပါကျောင်းသို့ မြို့ပေါ် ရပ်ကွက်(၃)ခုနှင့် ကျေးအုပ်စု(၁)စုတို့မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ချောင်းသာ(ပြန်/ဆက်)