ကန့်ဘလူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ

ကန့်ဘလူ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသားကျောင်းသူများအား ကန့်ဘလူမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ကစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မတ် ၈ ရက်မှ ၁၈ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ပြီး ကန့်ဘလူမြို့နယ်တွင်မူ စာစစ်ဌာနများဖြစ်သည့် အ.ထ.က (၁) ကန့်ဘလူ၊ အ.ထ.က ထန်းကုန်း၊ အ.ထ.က ဇီးကုန်းနှင့်အ.ထ.က ကာဘိုး စသည့်စာစစ်ဌာနလေးခု၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းတွင်းဖြေဆိုမည့်သူ ကျောင်းသား ကျောင်းသူ (၂၀၅)ဦး၊ ပြင်ပဖြေဆိုမည့်သူ ကျောင်းသားကျောင်းသူ ( ၆၉၉) ဦးရှိကာ စုစုပေါင်း ၉၀၄ ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)