ပန်ဆောင် ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ပန်ဆောင်မြို့အတွင်း နောင်ယန်းအင်းပတ်လမ်း (၁/၄) ဖာလုံအား နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ကျောက်လမ်းဖြင့် (၁/၄)ဖာလုံ မိုင်ရာ နှုန်းပြည့် ပြီးစီးကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းအား ဖောက်လုပ်ပေးခြင်းဖြင့် ကျေးရွာ (၉) အုပ်စုမှ ပြည်သူများအကျိုး ကျေးဇူးရှိစေပြီး လမ်းတလျှောက်ရှိကျေးရွာများမှ ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)