သတင်းများ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ပမ္မဝတီတံတား(မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းခွင်နှင့် တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေး
Feb 26,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ တံတားဦးစီးဌာန တံတားအဖွဲ့(၁၅)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့်
ဟိုင်းကြီးကျွန်းမြို့ကျက်သရေဆောင် သမိုင်းဝင်ကျိုက်တိစေတီတော်မြတ်ကြီးအား ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိစစ်သည်များနှင့် အလှူရှင်မိဘပြည်သူများစုပေါင်း၍ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ
Feb 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့ကျက်သရေဆောင်သမိုင်းဝင်ကျိုက်တိစေတီတော်မြတ်ကြီးအား ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှအရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အလှူရှင်မိဘပြည်သူများစုပေါင်း၍ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်ရင်ပြင်ရှိ ကျောက်စာများ၊ ခေါင်းလောင်းများ၊ မော်ကွန်းမှတ်တိုင်များ၊ လက်ရန်းများအား ဆေးပြန်သုတ်ခြင်းလုပ်ငန်းများကို စုပေါင်းလှူဒါန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ညောင်ရွက်နုနှင့်တမာရွက်နုပြုတ် ရောင်းချသူများ ဈေးကောင်းရရှိ
Feb 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အလေ့ကျပေါက်ရောက်သည့် ညောင်ပင်နှင့်တမာပင်(ဒေသအခေါ်)စားပင်များမှ ညောင်ရွက်၊ တမာရွက်အနုများခူးယူ ပြုတ်ရောင်းချသူများရောင်းအားကောင်းမွန်ပြီး၊ ဈေးကောင်းရရှိ၍ ရာသီချိန်အတွင်း မိသားစုစားဝတ်နေရေးအတွက်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့အ.ထ.က(၁)၌အာစီသုံးထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း(၃၅)ရာခိုင်နှုန်းပြီးစီး
Feb 26,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့်ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြား၊သင်ယူနိုင်စေရေးအတွက် အာစီသုံးထပ်ကျောင်းဆောင်သစ်ကို ဆောက်လုပ်လျက်ရှိရာ(၃၅)ရာ ခိုင်နှုန်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံကသိရသည်။
ကျောက်ဆည်မြို့နယ်  စပယ်ပန်းပန်း စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုများအဆင်ပြေလျက်ရှိ
Feb 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊မြောင်း၊ချောင်း၊ကန်ပေါများပြီး ဆည်ရေဖြင့်ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း ယာမြေနှင့်ကိုင်းကျွန်းမြေများတွင် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း၊ ခရမ်း၊ ရုံပတီ စသည့်မီး ဖိုချောင်သုံးသီးနှံများအပြင် ပန်းအမျိုးမျိုး စိုက်ပျိုးရောင်းချလျက်ရှိရာ ပြည်ပန်းကျေးရွာတွင် စံပယ်ပန်း စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုများအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
မိုင်းတုံမြို့၊ ဟွေပါဆပ်ကျေးရွာ၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်
Feb 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မဲကင်ကျေးရွာအုပ်စု၊ ဟွေပါဆပ်ကျေးရွာ၌ ယမန်နေ့က ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အ.ထ.ကစာစစ်ဌာနသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေးကွင်းဆင်းစစ်ဆေး
Feb 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနဖြစ်သော အခြေခံပညာအထက်တန်းကျောင်းသို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဘားအံမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ဖြင့် တွေ့ဆုံပွဲပြုလုပ်
Feb 26,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ​ ကျေးရွာနေပြည်သူများနှင့်  တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁:၀၀)နာရီအချိန်ခန့်က ထောင်ကလပ်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။