မိုင်းတုံ ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မဲကင်ကျေးရွာအုပ်စု၊ ဟွေပါဆပ်ကျေးရွာ၌ ယမန်နေ့က ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းဝေးခန်းမ၌ ၉ နာရီအချိန်က ရေဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်မိုးနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပြီးနောက် မဲကင်ကျေးရွာအုပ်စု၊ ဟွေပါဆပ်ကျေးရွာရှိဘက်စုံသုံးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်မိုးကလည်းကောင်း၊ မိုင်းဆက်ခရိုင်ရေဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်စန္ဒာရွှေကလည်းကောင်း၊ မြို့နယ်မီးသတ်ဌာနမှ ဦးစီးအရာရှိကလည်းကောင်း ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့်ပတ်သတ်၍ ဟောပြောပြီးနောက် ကျေးရွာနေပြည်သူများနှင့်ပူးပေါင်းပြီးရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲမှူး၊ မြို့နယ်မီးသတ်နှင့်အဖွဲ့များ၊ မိုင်းဆတ်ခရိုင် ရေဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနအဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့များ၊ မြို့နယ်ပြန်/ဆက်နှင့် မြို့နယ်လူမှုရေးအသင်းတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)