မြို့သစ်မြို့အ.ထ.က(၁)၌အာစီသုံးထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း(၃၅)ရာခိုင်နှုန်းပြီးစီး

မြို့သစ် ဖေဖော်ဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့်ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြား၊သင်ယူနိုင်စေရေးအတွက် အာစီသုံးထပ်ကျောင်းဆောင်သစ်ကို ဆောက်လုပ်လျက်ရှိရာ(၃၅)ရာ ခိုင်နှုန်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံကသိရသည်။

အဆိုပါကျောင်းဆောင်သစ်မှာ အလျှား(၁၄၀)ပေ၊ အနံ(၃၀)ပေ သံကူကွန်ကရစ်အဆောက်အဦးအား ခွင့်ပြုရန်ပုံငွေ (၄၉၀ဒဿမ၁၇၀) ကျပ်သန်းဖြင့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ အတွင်းစတင်ဆောက်လုပ်ခဲ့ပြီး ၎င်းလုပ်ငန်းများအရည်အ​သွေးပြည့်မီ​အောင်​ ဆောက်လုပ်နိုင်​ရေး၊ သတ်မှတ်အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလတွင်းပြီးစီးရန်အတွက်မြို့နယ် အရည်အသွေးစစ်ဆေးရေးကြီးကြပ်မှုကော်မတီတို့မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက် ရှိရာ(၃၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။   အဆိုပါကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးပါကကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း(IPRD)