ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့ကျက်သရေဆောင်သမိုင်းဝင်ကျိုက်တိစေတီတော်မြတ်ကြီးအား ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှအရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အလှူရှင်မိဘပြည်သူများစုပေါင်း၍ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်ရင်ပြင်ရှိ ကျောက်စာများ၊ ခေါင်းလောင်းများ၊ မော်ကွန်းမှတ်တိုင်များ၊ လက်ရန်းများအား ဆေးပြန်သုတ်ခြင်းလုပ်ငန်းများကို စုပေါင်းလှူဒါန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့စုပေါင်းလှူဒါန်းဆောင်ရွက်ခဲ့ကြသည့်အတွက် ဟိုင်းကြီးကျွန်းမြို့ကျက်သရေဆောင် သမိုင်းဝင်ကျိုက်တိစေတီတော်မြတ်ကြီးအား ပင်လယ်ပြင်မှ ငဝန်မြစ်အတွင်းသို့ဝင်ရောက်လာမည့် ရေယာဥ်များ၊ ပုသိမ်မြို့မှ ငဝန်မြစ်အတိုင်း ပင်လယ်ပြင်သို့ထွက်ခွာမည့်ရေယာဥ်များအနေဖြင့် ဟိုင်းကြီးကျွန်းနှင့်အတူ စေတီတော်ကြီးအား ကြည်ညိုစွာဖူးမြင်ရမည်။ စေတီတော်ရင်ပြင်နှင့်ပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကိုလည်း ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် မြို့နေမိဘပြည်သူများစုပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)