ဟိုပုံး ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေးကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်နိုင်ဦးမှ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးထားသောချေးငွေများ၊ အပေါ်စိစစ် တွေ့ရှိချက်များ၊ ချေးငွေနှင့် ပတ်သက်၍ လိုအပ်ချက်များ၊ ချေးငွေဆိုင်ရာအကြံပြုချက်များကို ရှင်းလင်းပြောကြားပြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လွင်မှ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအားရှင်းလင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံ ခန့်ခွဲမှုကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေး ကော်မတီဝင်များမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက်တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ၊ ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့၊ အတွင်းရေးမှူးမြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့မှ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဒေသအဆင့် ဌာနဆိုင်ရာများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေး ကြပြီးနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်နိုင်ဦးကနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်ရှိ ကော်ဖီစက်ရုံနှင့် မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဆော်တောကျေးရွာရှိ ပြောင်းအခြောက်ခံစက်ရုံဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)