လိပ်သို ဖေဖော်ဝါရီ ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဒေသခံပြည်သူများသည် ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုး အသက်မွေးဝမ်းကြောင်း ပြုကြသော်လည်း မိသားစုအပိုဝင်ငွေ ရရှိစေရန် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကိုး မွေးမြူကြကြောင်း သိရသည်။
“ကျွန်တော်တို့မိသားစုက ကိုယ်နိုင်သလောက် ခြံဝင်းမှာ ဝက်မွေးမြူကြပါတယ်၊ တစ်ပိုင်တစ်နိုင်ဆိုပေမယ့် မိသားစုအပိုဝင်ငွေအတွက် စီးပွားရေးတစ်ဖက်တစ်လမ်းကနေ အဆင်ပြေစေရန်အတွက် ဝက်မွေးမြူခြင်းဖြစ်ကြောင်း၊ ဝက်မ (၃) ကောင်ရှိလျှင် သားပေါက်ပါက အနည်းဆုံး (၂၄) ကောင် ပေါက်ပွားသည့်အတွက် ဝက်သားပေါက် (၄၅) ရက်ပြည့်လျှင် ရောင်းချပြီး တစ်ကောင်ကို ကျပ် (၁၅၀၀၀ဝိ/-) ခန့်ရရှိပြီး ဝက်သား တစ်ပိဿာလျှင် ကျပ် (၁၀၀၀ဝိ/-) ခန့်ရောင်းချလျက်ရှိကြောင်း တစ်ပိုင်တစ်နိုင် ဝက်မွေးမြူခြင်းလုပ်ကိုင်နေသော အမှတ် (၃) ရပ်ကွက်နေ ဝက်မွေးမြူသူ တစ်ဦးထံမှ သိရသည်။
ခင်လေးနွယ် (လိပ်သို)