ဂန့်ဂေါ၌ ခရိုင်/မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ (၁/၂၀၂၃)အစည်းအဝေး ပြုလုပ်

ဂန့်ဂေါ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်/မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးနှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးခိုင်ထွန်းက ကလေးသူ ငယ်ကော်မတီများ၏ လုပ်ငန်းတာဝန်များ၊ ခရိုင် CRC ကော်မတီများ၏ လုပ်ငန်းတာဝန်များ၊ ဂန့်ဂေါမြို့နယ်အတွင်းမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့်ပတ်သက်၍ လုပ်ဆောင်နေမှုအခြေအနေများအား ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဂန့်ဂေါခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခင်လဲ့ရည်လှိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များ၊ ကလေးသူငယ်မှုခင်းများ၊ ကလေးသူငယ်များအား မြို့နယ်အတွင်း ထောက်ပံ့ပေးနေမှုအခြေအနေများ၊ ကလေးကာကွယ်စောင့်ရှောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဂန့်ဂေါခရိုင် Case Manager ဒေါ်နှင်းဟေမာန်ဖြိုးက ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကိစ္စရပ်များ၊ ကလေးသူငယ်များ၏ ကျောင်းပြင်ပ ပညာရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက သိရှိလိုသည်များကို ဆွေးနွေးကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)