အသေးစားစက်မှုလက်မှုလုပ်ငန်းအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ပြုလုပ်

ကော့သောင်း ဖေဖော်ဝါရီ ၂၃

အသေးစားစက်မှုလက်မှုလုပ်ငန်းအကြောင်းသိကောင်းစရာ အသိပညာပေး Talk Showကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းကာ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင်  ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Showတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးကဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးသိရှိလိုသည်များကိုမေးမြန်ခဲ့ရာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှဦးစီးအရာရှိ ဦးစိုးထက်အောင်က ဌာန၏နောက်ခံသမိုင်းအားရှင်းလင်း ပြောကြား ပြီး ဌာန၏မျှော် မှန်းချက်နဲ့လုပ်ငန်းတာဝန်များ၊ ဌာန၏ပြဌာန်းထားသည့် ဥပ‌‌ဒေများကို ရှင်းပြခြင်း၊ မှတ်ပုံတင်လုပ်ငန်းအမျိုးအစားနှင့် မှတ်ပုံတင်ခြင်း၏အကျိုး‌ကျေးဇူးများ အကြောင်းရှင်းလင်းပြောကြားခြင်း၊ဌာနအနေဖြင့် အသက်‌မွေးဝမ်း‌ကြောင်းဆိုင်ရာ ကာလတို သင်တန်းဖွင့်လှစ်ပေးမှုအ‌‌ခြေအနေနှင့် လက်ရှိဖွင့်လှစ်ပေးလျက်ရှိ‌ သောသင်တန်းများ အ‌ကြောင်းကိုလည်းဆွေးနွေးပြောကြားခဲ့သည်။

ပြည်သူများအ‌နေဖြင့်အ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အခန်းကဏ္ဍအရေးပါပုံနှင့် ၎င်းဌာန၏လုပ်ငန်းစဉ်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိ‌စေရန်ရည်ရွယ်‌၍ အသေးစားစက်မှုလက်မှုလုပ်ငန်းအ‌ကြောင်း သိ‌ကောင်းစရာအသိပညာပေးTalk Showကိုပြုလုပ်ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)