ကော့မှူးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီ က စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ပြည်သူ့များအနေဖြင့် အားလပ်သောအချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေများ ဖတ်ရူခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်စေရေးအတွက် စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Youth Club အသင်းမှအဖွဲ့ဝင် ဒေါ်ရတနာမိုးက စာရေးဆရာ မောင်မင်းစိုးရေးသားသည့်လူငယ်နဲ့အပြောင်းအလဲစာအုပ်ထဲမှ တန်ပြန်သက်ရောက်မှုများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်အာကာလွင်က ပြောင်းလဲခြင်းနိယာမခေါင်းစဉ်ဖြင့် လည်းကောင်း၊ မခင်မို့မို့အေးက မြင့်မြတ်သူတို့၏ လမ်းကြောင်းခေါင်းစဉ်တို့   ဖြင့်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ Youth  Club မှ အဖွဲ့ဝင် ဒေါ်ရတနာမိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီးကမ္ဘာကြီးက ပြောင်းလဲမှုဆီသို့ ပြောင်းလဲနေကြောင်း၊ ခေတ်နှင့်ရင်ပေါင်တန်းနိုင်ရန် အားကုန်ပြေးလွှားလျက်လိုက်နေရကြောင်း၊ လောလောဆယ်တွင် အာရှတိုက်၏ ကျားများဟုခေါ်ဝေါ်သမုတ်ခြင်း ခံနေကြရသော ဂျပန်၊ တရုတ်၊ စင်္ကာပူလိုနိုင်ငံများသည် တစ်ချိန်ကအင်အားကြီးသော နိုင်ငံတော်တော်များများကို ဖြတ်ကျော်လျက် အားကေင်းကောင်းဖြင့် မောင်းနှင်ထွက်ခွာလာနေကြောင်း၊ စီးပွားရေး၊ စစ်ရေးအရအင်အားအကြီးဆုံးအဖြစ် ထိပ်တန်းမှာရပ်တည်နေခဲ့သော အမေရိကလိုနိုင်ငံကြီးပင် မျက်ခုံးလှုပ်လာကြောင်း စသည့်စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ကျော်သူရ