လင်းခေး ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန် ရှိသူတို့သည် ဖေဖော်ဝါရီ(၂၂)ရက် မွန်းလွဲ(၁)နာရီခွဲက လင်းခေးခရိုင် မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု တောင်သူဦးပန္တိ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသော ပဲပုပ်စိုက်ခင်းနှင့် ရေဖျန်းစနစ်ဖြင့်စိုက်ပျိုးထားသော စံပြကြက်သွန်ဖြူ စိုက်ခင်းအားသွားရောက်ကြည့်ရှုရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က တောင်သူများအား ဓာတ်မြေသြဇာ၊ နေကြာမျိုးစေ့တို့ကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုင်းပန်မြို့ရှိ မဟာတေဇာဓီပတိ စေတီ တော်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းပေးကြပြီး ဘုရားအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပေးကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် နမ့်စန်၊ မိုးနဲ၊ မိုင်းတုံ၊ မိုင်းဆတ်လမ်း ဖောက်လုပ်ထားမှု အခြေ အနေအား ဝင်ရောက်ကြည့်ရူစစ်ဆေးရာ ရှမ်းပြည်နယ်တောင်ပိုင်းလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသူဇော် မှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များမှာကြားခဲ့ပြီး ထို့နောက် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒါးဆိပ်ကျေးရွာ အုပ်စု၊ ဒါးဆိပ်ကျေးရွာ ဆိုလာစွမ်းအင်သုံး စိုက်ပျိုးရေရရှိရေးလုပ်ငန်းနှင့် နေကြာစိုက်ခင်းအား သွားရောက်ကြည့်ရှုရာ လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆိုလာစွမ်းအင်သုံး စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းနှင့် နေကြာခင်းတို့အား ကြည့်ရှုကြသည်။
ယင်းနောက် ညနေ(၃)နာရီခွဲက လင်းခေးမြို့၊ နွယ်ဝတီခန်းမတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာ၊ ရပ်မိရပ်ဖ၊ ဒေသခံတိုင်းရင်းပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံရာလင်းလေးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ဦးနေဝင်းမှ ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသည့် ရပ်မိ၊ရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ တင်ပြ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံပြည်သူများနှင့် ခရိုင်၊မြို့နယ်များ၏ တင်ပြချက်ကို သိရှိပြီးဖြစ်၍ မြေပြင်ကွင်းဆင်းကြည့်ရှုကာ လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် လင်းခေးခရိုင်၊ မြို့နယ်ဝန်ထမ်းများအတွက်ဘက်စုံဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်ပေးက ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ(ခရိုင်အုပ်ချုပ်ရေးမှူး)ဦးနေဝင်းမှလက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်ခန်းမအတွင်း ခင်းကျင်းပြသထားသော လင်းခေးခရိုင် အတွင်းရှိ MSMEs အသေးစား၊ အငယ်စား၊ အလတ်စားဒေသထွက်ကုန်တို့ကို လှည့်ကြည့်ရှု အားပေးကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး )