သတင်းများ

ဒိုက်ဦးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ
Feb 23,2023
၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်မှ (၁၈)ရက်နေ့ထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် တက္ကသိုလ်ဝင် စာမေးပွဲများ ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ‌ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယမန်‌နေ့နံနက် (၉)နာရီအချိန က စတင်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မြေအောက်ရေကိုအသုံးပြုကာ သင်္ဘောစိုက်ပျိုးရောင်းချသူများ ခူးစွတ်ချိန်တွင် စျေးကောင်းရရှိ၍အဆင်ပြေ
Feb 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည် အနီးဝန်းကျင်ကျေးရွာများတွင်မြေအောက်ရေကိုအသုံးပြုကာ သင်္ဘောစိုက်ပျိုးရောင်းချသူများ ခူးစွတ်ချိန်တွင်စျေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း လဲဂွကျေးရွာ သင်္ဘောစိုက်ပျိုးရောင်းချသူ ဦးမြင့်သိန်းထံမှ သိရသည်။
ကျောက်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5 နှင့် Grade- 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆို
Feb 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade- 5)နှင့် အဋ္ဌမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့နံနက် (၉) နာရီမှစတင်၍ သက်ဆိုင်ရာ ကျောင်းများအလိုက် စတင်ဖြေဆိုလျက်ရှိ‌ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများ အသက် အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း လုပ်ငန်းများကို ယနေ့ နံနက် (၁၀) နာရီက ကျုံဘုတ်ကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ (၃၉) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲကျင်းပ
Feb 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ (၃၉) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲကို ရွှေကျောင်းတော်ကျောင်းတိုက်နေရာတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှစ၍ မွန်းလွဲ ၁ နာရီအချိန်တွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တနင်္သာတိုင်းဒေသကြီး ဝမ်းစာဖူလုံရေးအတွက် လာမည့်နှစ်၌ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ပိုမိုလျာထားပြီး တောင်သူများ၏အခက်အခဲများနှင့် လိုအပ်ချက်များကို ဆောင်ရွက်ပေးမည်ဖြစ်
Feb 23,2023
တနင်္သာရီတိုင်းဒေသကြီးအတွင်းနေထိုင်ကြသည့် ပြည်သူလူထု၏ ဝမ်းစာဖူလုံရေးအတွက် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေများကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ပိုမိုလျာထားပြီး တောင်သူများ၏အခက်အခဲများနှင့် လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒေသဝမ်းစာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြိတ်မြို့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် မြိတ်မြို့နယ်အတွင်းရှိ တောင်သူများတွေ့ဆုံစဉ် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
တောင်ငူမြို့၌ သမိုင်းဝင်မြတ်စောညီနောင် နောင်တော်ကြီးစေတီတော်၊ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 23,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သမိုင်းဝင်မြတ်စောညီနောင်စေတီမြတ်ကြီး၊ နောင်တော်ကြီး စေတီတော်၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ရောင်တော်ဖွင့်ခြင်း၊ ရွှေစင်ရွှေပြား ကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့် ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အရံစေတီတော်များအား ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခြင်းများတွင် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်းနှင့် အလှူဒါယကာ၊ ဒါယိကာမများအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က တောင်ငူမြို့၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဂန္တဝင်ကိုးခန်းသိမ်တော်ကြီး၌ ကျင်းပခဲ့သည်။
၂၀၂၂-၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မူဆယ်မြို့၊ အ.ထ.က(၂)စာစစ်ဌာန၌ ဖြေဆို ကျင်းပမည်
Feb 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၂-၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မူဆယ်မြို့၊ အ.ထ.က(၂)စာစစ်ဌာန၌ မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းပေါင်း (၁၀)ကျောင်းမှ ကျောင်းသား/သူ(၃၀၂)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။