ဒေးဒရဲမြို့၌ မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေး ခြင်းနှင့် အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများကို ယနေ့ နံနက် (၁၀) နာရီက ကျုံဘုတ်ကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာမီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်း၊ ရေသိုလှောင် ထားရှိမှု၊ မီးချိတ်မီးကတ်နှင့် သဲပုံး၊ ရေပုံးများအိမ်တိုင်းထားရှိရေး၊ လျှပ်စစ်ကြိုးသွယ်တန်းထားရှိမှု အခြေအနေများ၊ နေအိမ်များတွင် ချက်ပြုတ်သည့်နေရာများ စစ်ဆေး၍ လိုအပ်ချက်များ အကြုံပြုဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးဆော်သြခြင်းနှင့် ပြည်သူများပါဝင်သော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများကို ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း