သတင်းများ

မိုင်းယုမြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဟောပြော
Feb 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ တောင်သူအသိပညာပေး ဆွေးနွေးပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း ဟောပြောခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မိုင်းလွေကျေးရွာအုပ်စုရှိ ဝမ်ဆီလီကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး
Feb 24,2023
ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နေ့လယ်ပိုင်းမှ စတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်   ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြို့မဈေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဌာနဆိုင်ရာအမျိုးသမီးဝန်ထမ်းများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနိုင်စေရန် ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာအနှစ်ပြုလုပ်နည်းသင်တန်း မလှိုင်မြို့နယ်တွင် ဖွင့်လှစ်
Feb 24,2023
မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဌာနဆိုင်ရာအသီးသီးမှ အမျိုးသမီးဝန်ထမ်းများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည် ဆပ်ပြာအနှစ်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
မိုင်းခုတ်မြို့၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌  ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Feb 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယမန်နေ့ နေ့လယ် ၁ နာရီက အလယ်တန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်စကားဝိုင်းကျင်းပ
Feb 24,2023
ရမ်းဗြဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ကြသည်။
မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်စာအုပ်စာစောင်များကို  ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး
Feb 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ် ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲ အချိန်ခန့်က  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မိုင်းလုံမြို့ရုံးတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ငရုတ်ပွစိုက်ခင်းများ ပိုမိုစိုက်ပျိုးလာ
Feb 24,2023
ယခင်နှစ်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ငရုတ်ပွစိုက်ပျိုးသည့်တောင်သူများမှ စိုက်ပျိုးစရိတ်ကုန်ကျမှု များပြားခဲ့သော်လည်း