ဒိုက်ဦးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ

ဒိုက်ဦး  ဖေဖော်ဝါရီ  ၂၃

၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်မှ (၁၈)ရက်နေ့ထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် တက္ကသိုလ်ဝင် စာမေးပွဲများ ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ‌ဖြေဆိုမည့်  ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို  ယမန်‌နေ့နံနက် (၉)နာရီအချိန က စတင်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်တွင် ယခုနှစ်၌ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုသာ ထားရှိမည်ဖြစ်ပြီး၊ ကျောင်းတွင်းဖြေဆိုသူ (၂၀)ဦးနှင့် ပြင်ပဖြေဆိုသူ (၃၇၁)ဦး စုစုပေါင်းဝင်ရောက်ဖြေဆိုသူ (၃၉၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)