တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၈)သင်တန်းဖွင့်ပွဲပြုလုပ်
Oct 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ အမှတ်(၁)အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်းစစ်ရေးပြကွင်း၌ အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီက ပြည်သူ့စစ်မှု ထမ်းသင်တန်းအမှတ်စဉ် (၁၈)သင်တန်း ဖွင့်ပွဲပြုလုပ်ခဲ့ရာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်၊ အမှတ်(၁)အရာခံနှင့် အကြပ်ကြီး သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်ကျော်သူလှိုင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများတက်ရောက်ခဲ့သည်။