ကျောက်တံခါးမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် သံပန်း၊ သံဂဟေဆက်သင်တန်းဖွင့်လှစ်
May 19,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံပန်း၊ သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။