သတင်းများ

ဥတ္တရသီရိမြို့နယ် ငန်းစပ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Sep 17,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြတ်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး  “လူငယ်စကားဝိုင်း”ကို ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါကျောင်း စံပယ်ဆောင်တွင် ကျင်းပခဲ့သည်။
ကျိုင်းတုံမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ
Sep 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ အဖွဲ့ဝင်-၂ ဦးမင်းညို၊ ပြည်နယ်ပညာရေးမှူး(ကျိုင်းတုံ) ဒေါ်နော်ရုသ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးအားဗျေ့တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ရှင်မတောင်ဒေသထွက် သနပ်ခါးများ စိုက်ပျိုးရေးသနပ်ခါးများထက် ဈေးနှုန်းပိုရ
Sep 17,2025
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ရှင်မတောင်ဒေသထွက် သနပ်ခါးများနှင့် မြိုင်မြို့နယ်ထွက် သနပ်ခါးများ စိုက်ပျိုးရေးသနပ်ခါးများထက် ဈေးနှုန်းပိုမိုရရှိစွာ ရောင်းချနေရကြောင်း ပုဂံမြို့ဟောင်း သဗ္ဗညုဘုရားကြီးတွင် ရောင်းချနေသည့် သနပ်ခါးပင်၊ သနပ်ခါးတုံး ရောင်းဝယ်ရေး ပွဲစားများထံက သိရသည်။
ရမည်းသင်းမြို့နယ်၌ယူရီးယားမြေဩဇာနှင့်သဘာဝမြေဩဇာ ၁:၃ ရောစပ်၍ စုပေါင်းကြဲပက်
Sep 17,2025
ရမည်းသင်းမြို့နယ်၊ အင်ကြင်းကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၁၁၂)ရှိ တောင်သူ ဦးမောင်ဇော်၏ မိုးရာသီအောင်နိုင်တိုးစပါး(၅)ဧက၌ ယူရီးယား မြေဩဇာနှင့် သဘာဝမြေဩဇာ ၁:၃ ရောစပ်၍ စက်တင်ဘာ  ၁၇ ရက်နေ့ နံနက်တွင် စုပေါင်းကြဲပက်ပွဲကို ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ် စိုင်ပင်သာကျေးရွာတွင် စားအုန်းဆီ(၁)ပိဿာ(၇၆၂၅)ကျပ်ဖြင့် ရောင်းချပေး
Sep 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများ၊ အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲရာ၌ အထောက်အကူပြုစေရန်အတွက်အပတ်စဉ် စားအုန်းဆီများကို ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများ၊ ရပ်ကွက်/ကျေးရွာများတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် စိုင်ပင်သာကျေးရွာတွင် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။  
မလှိုင်မြို့နယ်အတွင်းရှိ တောင်သူများအား သမကျေးလက်ဓာတ်မြေဩဇာအိတ်များ ရောင်းချပေး
Sep 17,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်းရှိ တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သမကျေးလက်ဓာတ်မြေဩဇာအိတ်များကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၊ ငန်းစပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 17,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက  အဆိုပါကျောင်းစံပယ်‌ဆောင်တွင် ကျင်းပခဲ့သည်။
ဝမ်းတွင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနား ကျင်းပ
Sep 17,2025
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့က သဲတောအမှတ် (၃) ရပ်ကွက်ရှိ အောင်ချမ်းသာဓမ္မာရုံနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံးတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။