သတင်းများ

ကျောက်တံခါးမြို့နယ်၌ ဒေသန္တရစီမံကိန်းအတွက် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ    
Jul 18,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ဒေသန္တရစီမံကိန်းအတွက် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်ဦးဆောင်ပြီး ဖလမ်းမြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 18,2026
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့် ဦးဆောင်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့်အတူ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇူလိုင်လ ၁၈ ရက်နေ့က ဖလမ်းမြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကုတင် (၂၀၀) ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုကြပါသည်။
လားရှိုးမြို့ လူငယ်သင်တန်းကျောင်း၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များ ပြသ
Jul 18,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များ ပြသခြင်းကို လားရှိုးမြို့ လူငယ်သင်တန်းကျောင်း၌ ကျင်းပသည်။
ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်ဆေးရုံ၌ ဆေးကုသ
Jul 18,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ တောင်ဇင်းကျေးရွာ၊ တောင်ဇင်းတိုက်နယ်ဆေးရုံ၌ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာဆွေ ဦးဆောင်ကာ အထူးကုသရေးအဖွဲ့ (၁၂) ဖွဲ့နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များ ပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ဇူလိုင် ၁၈ ရက်နံနက် ၈ နာရီမှစတင်၍ တောင်ဇင်းတိုက်နယ်ဆေးရုံ၌ ဒေသခံပြည်သူများအား အထူးကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။
မြန်အောင်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပုံတူပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲများကျင်းပ
Jul 18,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ မြန်‌အောင်မြို့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပုံတူပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးပြည်သူ့ဆေးရုံကြီး(ကန်တော်နဒီ) ကင်ဆာရောဂါအထူးကုဌာနဝင်းအတွင်း ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု
Jul 18,2026
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး(ကန်တော်နဒီ) ကင်ဆာရောဂါအထူးကုဌာနဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
သနပ်ပင်မြို့နယ်တွင် ဒေသခံ ၃၅၀ ကျော်အား ကျန်းမာရေး စောင့်ရှောက်မှုပေး
Jul 18,2026
ပဲခူးမြို့ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် ကျန်းမာရေးအဖွဲ့သည် သနပ်ပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများကျင်းပ
Jul 18,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲကို ဇူလိုင် (၁၈) ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။