သတင်းများ

မိုးကောင်းမြို့ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ (၇၉) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Jul 18,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို ဇူလိုင် (၁၈) နံနက် (၉) နာရီတွင် ကျင်းပသည်။
ပခုက္ကူတက္ကသိုလ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်း ကျင်းပ
Jul 18,2026
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် "နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး" ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီက အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်
Jul 18,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် ဇူလိုင် ၁၈ ရက် နံနက် ၇ နာရီက မြို့ပေါ်ရှိဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့သည်။
နာဂဒေသလဟယ်မြို့၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းကျင်းပ
Jul 18,2026
စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ပူးပေါင်းကျင်းပသောကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ကျင်းပပါသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး
Jul 18,2026
ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားမျိုးနွယ်စုများအားလုံး ရင်းနှီးချစ်ခင်မှု တိုးပွားစေပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ အချင်းချင်း စည်းလုံးညီညွတ်စွာ ဖြင့် ပူးပေါင်းဆောင်ရွက်လာစေရေး ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ဘောလုံးကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
တီးတိန်၌နိုင်ငံ့ဝန်ထမ်းများနှင့် ဘေးသင့်ပြည်သူများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်
Jul 18,2026
ချင်းပြည်နယ် တီးတိန်မြို့၌ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီနှင့် ချင်းပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် တီးတိန်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ကြသော နိုင်ငံ့ဝန်ထမ်းများနှင့် ဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝးခန်းမတွင် ပြုလုပ်သည်။
ပန်းတနော်မြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသ
Jul 18,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စွမ်းရည်ထက်မြက်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ပန်းတနော်မြစ်အတွင်း၌ လက်တွေ့ ဆောင်ရွက်ကြသည်။
မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
Jul 18,2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပညာချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။